Wednesday, March 14, 2012

အကျဉ်းသားများထွက်ပြေးခဲ့၍ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံး

တွံတေးမြို့နယ် ရွှေသူဌေးတာ စိုက်/မွေးစခန်း အကျဉ်းဦးစီးဌာန မှ အကျဉ်းဦးစီးဌာန ရန်ပုံငွေအုတ်ဖုတ်သည့် လုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိသူ အကျဉ်းသားများ ထွက်ပြေးခဲ့မှုကြောင့် ရိုင်ဖယ်သေနတ်ဖြင့် လေးချက် ပစ်ခတ်၍ ပြန်လည်ဖမ်းဆီးရာ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရဲအုပ်—- စခန်းမှူးတာဝန်ထမ်း ဆောင်စဉ် တွံတေးမြို့နယ် ရွှေသူ ဌေးတာ စိုက်/မွေးစခန်း အကျဉ်းဦး စီးဌာနမှ ရဲဘက်အကျဉ်းသားတစ်ဦး ထွက်ပြေးသွားသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ အကျဉ်းသားတစ်ဦး သေဆုံးသွား၍ သက်ဆိုင်ရာက သက်သေများနှင့် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးခဲ့ရာတွင် တွံတေးမြို့ နယ် စိုက်/မွေးစခန်း၏ ချောင်းတစ် ဘက်ကမ်း ဇီးဖြူကုန်းတောအတွင်း ၌ အကျဉ်းသားကိုကိုနိုင်(၂၆ နှစ်) ထောင်ဝင်အမှတ်အစ/၁၁/၀၇၈၀၇/က၊ တိုက်ကြီးမြို့နယ်နေသူအား ၀ဲဘက်နံ၌ သေနတ်ထိမှန် ဒဏ်ရာတစ်ချက်ရရှိလျက် မှောက်လျက်သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု သိရသည်။

No comments: