Wednesday, March 14, 2012

ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်လေ့လာရေးခရီးစဉ် မကြာမီ သတင်းစာရှင်းမည်



ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်လေ့လာရေးခရီးစဉ် မကြာမီ သတင်းစာရှင်းမည်

ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မတ်လ ၁၂ ရက်က နေပြည်တော် လွှတ်တော် အဆောက်အအုံတွင်းရှိ ပြည်သူ့လွှတ်တော် တွင်းသို့ ပထမဆုံး အကြိမ်မိနစ် ၅ဝ ခန့် ဝင်ရောက် လေ့လာခဲ့ကြောင်း သတင်းရရှိသည်။ ယင်းသို့ ဝင်ရောက် လေ့လာမှု မပြုမီ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်
နှင့် နံနက် ၈ နာရီ ၄၅ မိနစ်မှ ၉ နာရီ ၂၅မိနစ်အထိ တွေ့ဆုံ ဆွေးနွေးကာ ပြည်သူ့လွှတ်
တော် ဧည့်ခန်းမဆောင်၌ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် နံနက် ၉ နာရီခွဲမှ
၁ဝ နာရီအထိ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၄င်းကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်
အား ပေါ်ပြူ လာနယူးစ်ဂျာနယ်မှ လွှတ်တော် တွင်း တွေ့ဆုံမေးမြန်းရာတွင် ”နိုင်ငံတော်ကောင်းကျိုးအတွက် ဆွေးနွေးကြတာဖြစ်ပါတယ်”ဟု ပြန်လည်ဖြေကြားပြီး အသေးစိတ် အချက်အလက်များကို ယခုလ ၃၁ ရက်နေ့၌ NLD ရုံးချုပ်တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ် ဖြေကြားသွားမည်ဟု ဆိုသည်။

No comments: