Thursday, March 8, 2012

နှင်းဆီပြာ

မျိုးရိုးဗီဇပြုပြင် ပြောင်းလဲထားတဲ့ နှင်းဆီပွင့် အပြာရောင် တစ်ပွင့်ရဲ့ တန်ဖိုးကတော့ စတာလင်ပေါင် ၁၅ မှ ၂ဝ ထိရှိပါတယ်။ ထိုပန်းကို ဂျပန်နိုင်ငံမှ ကုမ္ပဏီတစ်ခုက မင်္ဂဆောင် အခမ်းအနား၊ အထူးပွဲတော်များနှင့် မွေးနေ့ပွဲများ မှာအသုံးပြုတဲ့ ပန်းအနေဖြင့်
အသုံးပြုဖို့သင့်တော်သည်ဟုသတ် မှတ်ကာ ရောင်းချမှာ ဖြစ်ပါတယ်။ Suntory ကုမ္ပဏီဟာ ထိုနှင်းဆီ အပြာရောင် ရဖို့အတွက် အနှစ် ၂ဝ ကျိုးစားခဲ့ရတာဖြစ်ပါတယ်။ ပထမ ၁၃ နှစ်ကျိုးစားခဲ့ပြီး ၂ဝဝ၄ ခုနှစ်မှာတော့ သြစတေးလျနိုင်ငံ မှ Florigene အမည်ရှိတဲ့ ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်ကာ အောင် မြင်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။ ထိုနှင်းဆီပန်းဟာ ဂျပန်ယန်းငွေဖြင့် ၂ဝဝဝ မှ ၃ဝဝဝ ခန့်ပေးရပြီး သာမာန် နှင်းဆီပန်းများထက် ၁ဝ ဆ ပိုပြီးဈေးကြီးပါတယ်။ လောလောဆယ်တော့ထိုအပြာရောင်နှင်းဆီပင်ကို နိုင်ငံကာကို ရောင်းချဖို့အတွက်
 အစီအစဉ်မရှိသေးဘူးလို့သိရပါတယ်။




No comments: