Tuesday, February 7, 2012

အလယ်ရွာမီးလောင်မှု အိမ်ခြေ(၃၀၀)ကျော်ပျက်စီး

အလယ်ရွာမီးလောင်မှု အိမ်ခြေ(၃၀၀)ကျော်ပျက်စီး
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အတွင်းရှိ အလယ်ရွာတွင် ဖေဖော်ဝါရီလ (၆)ရက်နေ့ ယနေ့ နံနက် ၁၁ နာရီခန့်က မီလောင်ကြွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးလောင်ကြွမ်းသည့် အိမ်အချို့တွင် မိသားစုဝင်များမရှိကြဘဲ လုပ်ငန်းခွင်များသို့ သွားရောက်နေသည့် အချိန်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ လောင်ကြွမ်းသည့် နေရာသည် မီးသတ်ကားများ ၀င်ရောက်ရန် ခက်ခဲကြောင်းနှင့် မီလောင်မှုကြောင့် နေအိမ် အများအပြား ပျက်စီးဆုံးရှံးခဲ့ပြီး အသေးစိပ်အချက်အလက်များကို သိရှိရခြင်း မရှိသေးပါ။
 
မီးလောင်မှုကြောင့် ဓနိမိုး ထရံကာ အိမ်ခြေ ၃၀၀ ခန့် ၊ ပျဉ်ထောင်အိမ် ၃၇ လုံး ဆုံးရှုံးခဲ့ကြောင်း သက်ဆိုင်ရာမှ လတ်တလော ကောက်ယူထားသော စာရင်းများအရ သိရသည်။ အလယ်ရွာ အောင်ဇေယျာမင်း ဘုန်းတော်ကြီးကျောင်းတွင် ယာယီ မီးဘေးကယ်ဆယ်ရေး စခန်း ဖွင့်လှစ် ထားကြောင်းလည်း သိရှိရပါသည်။

EMG

No comments: