အမေရိကန်ကောလိပ်တစ်ခု မြန်မာနိုင်ငံလာရောက်ဖွင့်လှစ်မည်
The Voice Weekly Journal —-ရန်ကုန်၊ဖေဖော်ဝါရီ ၂ —- အမေရိကန်ပြည်ထောင်စုရှိ နာမည်ကျော် Liberal Arts College
တစ်ခုဖြစ်သော Bard liberal arts college သည် မြန်မာနိုင်ငံတွင်လည်း ဖွင့်လှစ်နိုင်ရန်
လွန်ခ့ေဲ သာရက်သတ္တပတ်အနည်းငယ်အတွင်းက မြန်မာနိုင်ငံသို့လာရောက်လေ့လာပြီး ပညာရေးနယ်ပယ်တွင်းရှိ လူပုဂ္ဂိုလ်များ၊
အဖွဲ့အစည်းများနှင့် ညှိနှိုင်းမှုများပြုလုပ်သွားကြောင်း အဆိုပါအသိုင်းအ၀ိုင်းအတွင်းမှ စုံစမ်းသိရှိရသည်။
အဆိုပါအစီအစဉ်ကို ညှိနှိုင်းမှုများအဆင်ပြေပါက ၂၀၁၃ ခုနှစ်တွင် ကျောင်းသားစတင်လက်ခံနိုင်ရန် ရည်မှန်းလုပ်ဆောင်နေကြောင်း
ယင်းကျောင်းကလိုချင်သည်မှာ ကျောင်းဖွင့်ခွင့်နှင့် ကျောင်းနေရာသာဖြစ်ကြောင်း ကျောင်းသားနှစ်ထောင်ခန့်တက်ရောက်နိုင်မည့်ကျောင်း
ဖွင့်လှစ်မည်ဖြစ်ပြီး၊ ယင်းကောလိပ်၏ ဘာသာရပ်အားလုံးနီးပါး သင်ယူနိုင်မည်ဖြစ်ကာ လေးနှစ်တက်ရောက်ပြီးပါက ၊
နိုင်ငံတကာရှိယင်းကောလိပ်တွင် တက်ရောက်သည့်နည်းတူ ဒီဂရီအဆင့်တူ ရရှိမည်ဖြစ်ကြောင်း ပညာရေးနယ်ပယ်အတွင်းမှ
ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။
ယင်းသို့လာရောက်ဖွင့်လှစ်မည့်အစီအစဉ်နှင့်ပတ်သက်၍ ´´Bard College လိုမျိုး မြန်မာနိုင်ငံမှာလာဖွင့်တ့အဲ တွက်
ကျွှန်တော်တို့ကြိုဆိုရမှာဖြစ်တယ် မြန်မာနိုင်ငံရ့လဲ က်ရှိအဆင့်မြင့်ပညာရေးကိုလည်း အထောက်အကူဖြစ်လို့ ကြိုဆိုရမှာပါ´´ဟု
အဆိုပါကောလိပ်လာရောက် ဖွင့်လှစ်ရေးညှိနှိုင်းခဲ့သူတစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။
စုစုပေါင်းလေးနှစ်တက်ရောက်ရမည့် အဆိုပါကျောင်းကို ပထမ(၂) နှစ်တွင် မြန်မာလိုနဲ့ အင်္ဂလိပ်လိုရောနှောသင်ကြားမည်ဖြစ်ပြီး
အမေရိကန်ကောလိပ်တစ်ခု မြန်မာနိုင်ငံလာရောက်ဖွင့်လှစ်မည် h2နောက်ထပ်(၂)နှစ်တွင်မူ အင်္ဂလိပ်လိုသင်ကြားမည်ဖြစ်ကြောင်း၊ ယင်းကျောင်းတက်ရောက်ခြင်းအတွက် ကုန်ကျစရိတ်ကို မြန်မာနိုင်ငံနှင့်လိုက်လျောညီထွေဖြစ်မည့် ကျောင်းလခပုံစံတစ်ခုသတ်မှတ်ထားရှိမည်ဖြစ်
ကြောင်း၊ ၄င်းကရှင်းပြသည်။
´´ဟိုမှာ သွားတက်တဲ့ Education ကို၊ ဟိုမှာသွားတက်တာထက် သက်သာစွာရဖို့က သူတို့ရ့ရဲ ည်ရွယ်ချက်တစ်ခုပေါ့´´ဟုပညာရေးလောကသားတစ်ဦးက ပြောကြားသည်။
Bard College သည် အမေရိကန်ပြည်ထောင်စု နယူးယောက်တွင်တည်ရှိပြီး ၁၈၆၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခ့ေဲ သာ PrivateInstitution ဖြစ်သည်။ယင်းကဲ့သို့သောကောလိပ်မျိုး၏ ယခုက့သဲို့အစီအစဉ်မျိုးဖြင့် မြန်မာနိုင်ငံတင်ွလာရောက်ဖွင့်လှစ်ရန်စီစဉ်မှုမှာ ပထမဆုံးဖြစ်သည်။
(The Voice Weekly )

No comments:
Post a Comment